ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက မလေးရှားလူမျိုး ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။
သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို
ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။
Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း
ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့
ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက်
ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့
အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်
Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း
တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့
သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို
ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့
ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့
ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့
ကလေးငယ်များ ရှိနေပါတယ်။
ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ
ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ
သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို
ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ
သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။
ဆိုဒ်တွင်းရှာရန်
တင်ထားသမျှ
အမျိုးအစားလိုက်
နည်းပညာ
(19)
ဆော့ဝဲနည်းပညာ
(6)
သတင်း
(2)
ကျန်းမာေ၇း
(1)
ထူးဆန်းထွေလာ
(1)
ရင်တွင်းဖြစ်ကဗျာများ
(1)
အပန်းဖြေစရာ ဟာသကမ္ဘာ
(1)
Monday, 12 November 2012
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ
ရေးသားသူ အကောင်းဆုံးများစုစည်းရာ (အချိန်) 18:28 // အမျိုးအစား: သတင်း
Subscribe to:
Post Comments (Atom)
အဖွဲ့ဝင်များ
လူကြိုက်အများဆုံး
-
Facebook အသုံးပြုသူတိုင်းအတွက် FreeCall ခေါ်ဆိုနိုင်တဲ့ Application လေးပါ ..Application လေးရဲ့အမည်ကတော့ SAYTYA Facebook Caller လေးပါ ဒီ...
-
သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက...
-
brick ဖြစ်ပြီဆိုရင် ဆိုရင် ဒီလို icon လေး မိမိ phone မှာ ပေါ်လာမှာပါ ။ အလွယ်ကူဆုံးနည်းလမ်း ပေးပါမယ်..........။ုkies လို့ခေါ်တဲ့ Sam...

0 ခုပြောဆိုထားသည်။:
Post a Comment